Myanmar Calendar ~1500 years

ME 0-9


တင်နိုင်တိုး ရဲ့ စာအုပ်မှာ မြန်မာနှစ် ၁ ခုကနေ စပေမယ့် ဦးအောင်ဇေယျ ကနေ ၀ နှစ် ကနေ စဖို့ မှတ်ချက် ပေးလာတဲ့ အတွက် ပြက္ခဒိန်ကို ပြန်ပြင်ပြီး ခရစ်နှစ် ၆၃၈ (မြန်မာနှစ် ၀ ခုနှစ်) ကနေ စထားပါတယ်။ အောက်မှာ ဦးအောင်ဇေယျရဲ့ မှတ်ချက်ကို ဖော်ပြထားပါတယ်။

ဦးအောင်ဇေယျ ၏ မှတ်ချက် 2014-Oct-11 :
"It was King Popa Sawrahan who per the chronicles started the calendar, in Year 2 (on 21 March 640 CE). Indic-based calendars *correctly* start at Year 0 (epochal year). (The Christian/Common Era unfortunately doesn't include Year 0, going from 1 BCE to 1 CE.) So, the Burmese calendar technically began on 22 March 638 CE although it was officially launched on 21 March 640. Btw, most (Western) scholars don't accept that it was launched at Bagan. They hold that it was launched at Sri Ksetra (modern Pyay)."

ဦးအောင်ဇေယျ ၏ မှတ်ချက် 2015-Jan-12 :
"Start of calendar, New year's day, 22 March 638 (Eade 1989: 39)
I get 1st waxing of Tagu 0 ME to be 24 March 638! It means 22 March 638 was 14th waning of Tabaung 1 BME!?
But 22 March 638 was the first day according to another source. (Luce Vol. 2 1970: 336) says the era began on 22 March 638 at 11:11:24."

မြန်မာ ပြက္ခဒိန်မှာ နှစ်သစ်ကူးချိန်ကို အတာတက်ချိန်လို့ခေါ်ပြီး အဲဒီရက်ကို အတက်နေ့လို့ ခေါ်ပါတယ်။ နှစ်သစ်ကူးချိန် မတိုင်မီက နှစ်ဟောင်းဖြစ်ပြီး၊ နှစ်သစ်ကူးပြီးတဲ့ ရက်ရဲ့ အပိုင်းက ပဲ နှစ်သစ်ထဲမှာ ပါပါတယ်။ အဲဒါကြောင့် တစ်ရက်လုံး နှစ်သစ်ထဲမှာပါတဲ့ အတက်ရက်ရဲ့ နောက်ရက်ကို နှစ်ဆန်းတစ်ရက်လို့ ခေါ်တဲ့ အတွက် Luce ရဲ့ တင်ပြမှုနဲ့ ကျွန်တော်တို့ရဲ့ Cool Emerald ပြက္ခဒိန် ရက်ချင်းကိုက်ညီ တယ်လို့ ပြောလို့ရပါတယ်။